​ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင် လေထုသန့်ရှင်းဖို့ အားလုံးပူး​ပေါင်း​ဆောင်ရွက်စို့ အသိပညာပေး (Talk Show) ဆောင်ရွက်

ရွှေဘို စက်တင်ဘာ ၇

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်​ လေထုသန့်ရှင်းဖို့ အားလုံးပူး​ပေါင်း​ဆောင်ရွက်စို့ အသိပညာ‌ပေး (Talk Show) ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ​ဒေါ်​အေးမြင့်စန်းက အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး​ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာန ဒုတိယဦးစီးမှူး​ဒေါ်ဇာဇာဖြိုးက အပြည်ပြည်ဆိုင်ရာ သန့်ရှင်း​သော​ လေထု​နေ့ဖြစ်​ပေါ်လာပုံနှင့် ရည်ရွယ်ချက်၊​ လေထုညစ်ညမ်းမှုဖြစ်​စေ​သောအ​ကြောင်းအရင်း၊​ လေထုညစ်ညမ်းမှုအမျိုးအစား၊​ လေထုညစ်ညမ်းမှု​ကြောင့် ဖြစ်​ပေါ်လာနိုင်သည့် ကျန်းမာ​ရေးဆိုးကျိုးများ၊ ဝန်းကျင်နှင့်အိမ်တွင်း​ လေထုညစ်ညမ်းမှု ကာကွယ်​ရေးအတွက်​ဆောင်ရွက်သင့်သည့်အချက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာနအ​နေနဲ့​ လေထုအရည်အ​သွေးတိုင်းတာခြင်းနှင့် ပတ်သက်၍​ဆောင်ရွက်ချက်များ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရန် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင်စဉ်ဆက်မပြတ် စီစဉ်တင်ဆက်​ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်