မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်းကျင်းပ

မိုင်းကိုင်  စက်တင်ဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် မိဘပြည်သူများ၊ လူငယ်လူရွယ်များ စာပေဗဟုသုတတိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ပေးနိုင်ရန်အတွက် မြန်မာစာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန်ဆိုထားသော ဂရုမစိုက်ခြင်းအနုပညာ စာအုပ်ဖြင့်စာချစ်သူများ  စာဖတ်ဝိုင်းကို  ယနေ့  မနက်ပိုင်းက   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်နန်းလှိုင်လှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို  ရှင်းလင်း ဆွေးနွေးပြီးနောက်  နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးအောင်ကျော်မိုး၊ မြို့နယ်ရင်ခွင့်မဲ့အမျိုးသမီး ကော်မတီမှ ဒေါ်တင်တင်မိုး၊ ဒေါ်နန်းလုံ၊ ဒေါ်နန်းရွှေအိမ်နှင့်  ရုပ်သံကျွမ်းကျင်-၃  ဒေါ်နန်းမြင့်အေး တို့က  စာအုပ်ပါ  အကြောင်းအရာများဖြစ်သည့်  မကြိုးစားနဲ့၊ သောကသံသရာ၊ ဂရုမစိုက်ခြင်း အနုပညာ၊ ပျော်တယ်ဆိုတဲ့ပြဿနာ၊ ပျော်ရွှင်ခြင်းဆိုတာ အခက်အခဲကို  ဖြေရှင်းလိုက်မှ ရောက် လာတာ  စသည့်ခေါင်းစဉ်များကို  ဖတ်ကြားဆွေးနွေးခဲ့ရာ  တက်ရောက်လာကြသော  အမှတ်(၁) ရပ်ကွက်နေ  လူငယ်လူရွယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စာချစ်သူများက မိမိတို့၏  အမြင်များ ကို  ပြန်လည်ဆွေးနွေးကာ  စာဖတ်ရှိန်မြှင့်တင်ရေး  စာဖတ်ဝိုင်းကို  ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့  တက်ရောက်လာကြသော  လူငယ်လူရွယ်များ၊ စာချစ်သူများနှင့် မိုင်းကိုင်မြို့နယ် ပြည်သူစာကြည့်တိုက်တို့အတွက်  နယ်မြေခံတပ်မှ တာဝန်ရှိသူများက မြဝတီစာပေတိုက်မှ  ထုတ်ဝေသော  သုတအလင်းမဂ္ဂဇင်း၊ မြဝတီမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်းနှင့် တေဇရုပ်စုံ ကလေးစာစောင်များကို  ပေးအပ်လှူဒါန်းကာ စာဖတ်ရှိန်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်