လဲချားမြို့နယ် (Community Centre) ခန်းမတွင် စာအုပ်နှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

လဲချား စက်တင်ဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် စာအုပ်နှင့်နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းသား/သူ လူငယ်များ လမ်းမှားမရောက်စေရန်၊ သဘာဝဘေးအန္တရာယ်ကြုံလာပါက ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် သုတ၊ရသစာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ လဲချားမြို့နယ်အတွင်းမှ ကျောင်းသား/သူ (၃၀)ဦးခန့်တို့မှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း  သိရသည်။

(လဲချား၊မြို့နယ်/ပြန်ဆက်)