မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စလင်းမြို့နယ်အတွင်းရှိ တောင်စဉ်ကျေးရွာနှင့် ရစ်ပျဉ်ကျေးရွာ လူကူးတံတား ပြိုကျပျက်စီး

စလင်း စက်တင်ဘာ ၇

ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကန်ပြားကျေးရွာအုပ်စုအတွင်းရှိ တောင်စဉ်ကျေးရွာနှင့် ရစ်ပျဉ်ကျေးရွာ ရွာခြင်းဆက် လူကူးတံတား ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ကန်ပြားကျေးရွာအုပ်စု တောင်စဉ်ကျေးရွာနှင့် ရစ်ပျဉ်ကျေးရွာ ရွာခြင်းဆက်လူကူးတံတားကို ၂၀၀၇ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားမှာ  အကျယ် ၃ ပေခွဲနှင့် အရှည် ၆၅ ပေခန့်ရှိကြောင်း သိရသည်။

မောင်လွင်(စလင်း)