ရမည်းသင်း စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင်လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပန်းချီပြိုင်ပွဲ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲတွင် အမှတ်(၁)အထက်တန်းကျောင်းမှ (၉)ဦး၊ အမှတ်(၅) မြို့မအထက်တန်းကျောင်းမှ (၉)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၁၈)ဦး ပါဝင်ယှဉ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးဝန်းအတွင်း ပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်ပြဘုတ်များကိုကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)