ပိုင်ကျုံမြို့ ရွာကိုင်းကောင်းကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ပိုင်ကျုံ စက်တင်ဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် (MCCT) ထောက်ပံ့ငွေများကို ယနေ့နံနက်(၁၀)နာရီတွင် ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ထောက်ပံ့ငွေ လက်ခံရရှိသူများထံ လက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်(ဧပြီ၊ မေ၊ ဇွန်) လများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၅,၀၀၀)နှုန်းဖြင့် သုံးလစာငွေကျပ် (၄၅,၀၀၀)ကို ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံး ဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း(၁၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်နှင့်ကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ရွာကိုင်ကောင်းကျေးရွာ အုပ်စုအတွင်းရှိ (Maternal and Child Cash Transfer-MCCT)အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင်မိခင် (၂၀)ဦးနှင့်အသက် နှစ်နှစ်အောက်ကလေးငယ်(၇၃)ဦး စုစုပေါင်း(၉၃)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်(၃၉) သိန်းကို လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)