ဒေးဒရဲ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မော်တော်ယာဉ်ထိန်းအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများ၊ ယာဉ်သွားယာဉ်လာ များပြားသည့် လမ်းဆုံများတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းနှင့် မြေစိုက်ပိုစတာများ စိုက်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မော်တော် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်စီးနှင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်၍ မောင်းနှင်ရန်၊ လူနှစ်ဦးထက်ပို၍ မောင်းနှင်ခြင်း မပြုရန်၊ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုရန်နှင့် အချက်ပြမီးများ ကောင်းမွန်စေရန်စသည့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး လိုက်နာရမည့်အချက် များပါဝင်သည့် အသိပညာပေး ဟောပြောခြင်းနှင့် မြေစိုက်ပိုစတာများကို လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။
အေဇာလင်း