ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဘိုးဘွားများအား အလှူငွေ၊ အခြေခံစားသောက်ကုန်များလှူဒါန်း

ဒေးဒရဲ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ယမန်နေ့ နံနက်(၉) နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြတ်စေတနာ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥစသည့် အခြေခံစားသောက်ကုန်များကို တာဝန်ရှိသူများထံသို့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အေဇာလင်း