အင်္ဂပူ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ယမန်နေ့ နံနက်ပိုင်း က လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့ သည်။
အဆိုပါ Mask Campaign ပြုလုပ်လုပ်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သော အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းပြီး ဈေးရောင်း၊ ဈေဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများအား Mask Campaign ပြုလုပ်ပြီး Mask ၁၅၀၀ ခု ဝေငှခဲ့ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် အညီ Mask ပုံမှန်တပ်ဆင်ကြရန် အသိပညာ ပေးခဲ့ကြောင်း သိရသည်။
မန်းကျော်-(ပြန်/ဆက်)