လဲချား စက်တင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစည်ကားသည့် မြို့မစျေး၊ပျံကျစျေး၊ကားဂိတ်နှင့် လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း(Mask) အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၇)နာရီခွဲ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ မြို့မစျေး၊ ပျံကျစျေး၊ ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း (Mask)တပ်ဆင်ထားခြင်းမရှိပဲ သွားလာနေကြသည့် စျေးရောင်း၊ စျေးဝယ်ပြည်သူများ၊ ကျောင်းသား/သူများအား နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်သွားလာစေရန်နှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း (Mask) (၂၀၀၀) ခုအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)