ရမည်းသင်း စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရမည်းသင်းမြို့နယ်၊အင်း ပေါင်ကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက အင်းပေါင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း (မြောက်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ယခုကဲ့သို့ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့်လာရောက်ခြင်းကို ရှင်းလင်းဆွေးနွေးပြီး ရမည်းသင်း ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးထက်က နိုင်ငံတော်အနေဖြင့်ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမောင်ရွှေသိန်းက ပြည်သူလူထုနှင့် ဆက်စပ်လုပ်ကိုင်ဆောင် ရွက်နေမှုအခြေအနေများ၊ ရပ်ကွက်နှင့်ကျေးရွာများ အလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ် အဆင့်ဌာနဆိုင်ရာ(၁၂)ခုမှ တာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုရှင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသည့်ကျေးရွာပြည်သူများက ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်နေသည့် ကျေးရွာတွင်းလမ်း၊ အင်းပေါင်ကန် ပတ်လမ်းနှင့်တံတား၊ စာသင်ကျောင်းဆရာ/ဆရာမလိုအပ်နေမှုနှင့်အန္တရာယ်ရှိစာသင်ဆောင်ပြုပြင်ပေးနိုင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
၎င်းနောက် ကွင်းဆင်းအဖွဲ့မှကျေးရွာနေ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ကာကွယ်ဆေး (Booster Dorse)ထိုးနှံပေးခြင်းကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ အိမ် ထောင်ဇယားပြုလုပ်ပေးကို လည်းကောင်းဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)