မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၄၅၁၆၂ဧက စိုက်ပျိုးပြီး

မိတ္ထီလာ  စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၄၅၁၆၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မိုးစပါးကို မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၁၀၈၄၆ ဧက၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၅၁၆၂ ဧက၊ သာစည်မြို့နယ်တွင် ၃၁၃၈၉ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၅၄၃၁၂ ဧကတို့ကို စိုက်ပျိုးသွားရန်လျားထားပြီး  ဒေသခံတောင်သူများက မိုးစပါးကို ဇွန်လမှ စတင်၍ စိုက်ပျိုးလျက်ရှိရာ သြဂုတ်လအကုန် အထိ မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၃၃၃၇ ဧက၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၂၄၀၈ ဧက၊ သာစည်မြို့နယ်တွင် ၇၅၁၄ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၃၁၉၀၃ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့သည်။

ထိုသို့ မိုးစပါးများ စိုက်ပျိုးရာတွင် မိုးစပါးကို ဆည်ရေကန်ရေ သောက်စနစ်ဖြင့်လည်းကောင်း၊ ဆည်ရေကန်ရေ မရသည့် ဒေသများတွင် မိုးကောင်းရေသောက်စနစ်ဖြင့် လည်းကောင်း၊ အခြားနည်းလမ်ဖြစ်သော စက်ရေတွင်းဖြင့်လည်းကောင်း အသီးသီးစိုက်ပျိုးလျက်ရှိပြီး မိုးစပါးကို ပျိုးထောင်စိုက်ပျိုးသည့် စနစ်၊ ဘောင်ဖြင့်ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ ပက်ကြဲစိုက်ပျိုးသည့် စနစ်၊ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသည့် စနစ်၊ Seeder ဖြင့် စိုက်ပျိုးသည့် စနစ်တို့ဖြစ် စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မနောသုခ၊ ဆင်းသုခ၊ ပုလဲသွယ်၊ ငစိန်၊ ရက်(၉၀)၊ သုခထွန်း၊ ဧရာမင်းမျိုးစပါးများနှင့် ဒေသမျိုးစပါးများကို အဓိက စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)