ငပုတောမြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်း မှတ်ပုံတင်ခြင်းစနစ် (ပုံစံ-၆၆/၆) များ e-ID ဆော့ဖ်ဝဲရိုက်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်​ဆေး

ငပုတော စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ငပု‌တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်သူနှင့် အတွင်းရေးမှူး မြို့နယ် ရဲမှူးမြင့်‌ ရွှေတို့လိုက်ပါ၍ ယမန်နေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး အိမ်ထောင်စုလူဦး‌ရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ ကို e-ID စနစ် ဖြင့်ဆော့ဖ်ဝဲရိုက်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကိုကိုလတ်က‌  ရှင်းလင်းပြောကြားရာတွင် လူဦးရေစာရင်း အချက်အလက်မှားယွင်း‌မှုကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ၆၆/၆ ရှိ လူမရှိစာရင်းများကို ပြန်လည် စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့​နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်သူက မြို့နယ်ကော်မရှင်ရုံး၊ ကော်မရှင်ဝန်ထမ်းများမှ မဲဆန္ဒရှင်ပြည်သူများ၏ အချက်အလက်များ ပြည်စုံမှန်ကန်စေရေး၊ မြေပြင်အချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများအား လိုက်လံကြည့်ရူစစ်ဆေး၍ သတ်မှတ်ကာလအတွင်း ပြည်စုံမှန်ကန်စွာ ပြီးစီးရေး မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)