စဉ့်ကိုင် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့်အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်(၉) နာရီကသင်္ဂတုန်ကျေးရွာအတွင်း ရှိလမ်းဆုံ နေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပြည်သူများသိစေရန် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများကအပတ်စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိရာမျောက်ကျောက်ရောဂါဖြစ်ပွားမှုများမှာ ရောဂါပိုးရှိသည့် တိရိစ္ဆာန်များနှင့် မကျက် တကျက်ချက်ပြုတ်ထားသည့်အသားနှင့် အခြားရောဂါပိုးရှိသည့် တိရိစ္ဆာန်များမှထုတ်လုပ်ထားသည့် ထုတ်ကုန်များ၊ စားသုံးမိခြင်း၊ ရောဂါပိုးရှိသူနှင့်အနီးကပ် ထိတွေ့ခြင်းမှလည်းကူးစက်နိုင်ကြောင်း၊ မိမိတွင်မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ အကြံဉာဏ်များရယူရန်၊ ဖြစ်နိုင်လျှင် မိမိအိမ်တွင်သီးခြားခွဲနေထိုင်ရန်၊ အခြားသူများ နှင့်နီးကပ်စွာ ထိတွေ့မှုကိုရှောင်ကြဉ်ခြင်းဖြင့် အခြားသူများအား မကူးစက်အောင် ကာကွယ်ရန်၊ အနီးကပ်ထိတွေ့မှု ပြုလုပ်မည်ဆိုပါက နှာခေါင်းစည်းကိုတပ်ဆင်အသုံးပြုရေးစသည့် ရှောင်ရန်အချက်များနှင့် ထိထိရောက်ရောက်ကာကွယ် နိုင်ရန်အတွက်မျောက်ကျောက် ရောဂါအကြောင်း အသိပညာပေးလိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)