မင်းဘူး စက်တင်ဘာ ၈
မကွေးတိုင်းဒေကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အစည်းဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြိုအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသိန်းက ကမ္ဘာပေါ်တွင် အဖြစ်များနေသည့် လူကုန်ကူးမှုနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် ပြည်သူအားလုံးက ကျယ်ကျယ်ပျံ့ပျံ့ သိရှိကာ လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရန် ဟောပြောပွဲ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားသူတစ်ဦးကို ကာမဆိုင်ရာ တစ်မျိုးမျိုး ပြုခိုင်းခြင်း၊ အဓမ္မစေခိုင်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ ခန္တာကိုယ်အစိတ်အပိုင်းများ ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်း စသည်တို့ကို ပြုလုပ်ရာမှ ငွေကြေး အကျိုးအမြတ် တစ်စုံတစ်ရာကို လက်ခံခြင်း၊ သဘောတူခြင်းနှင့် မိမိတို့၏ ပိုင်ဆိုင်မှုများကို ရင်းနှီးပြီး အခြားအရပ် ဒေသများသို့ သွားရောက် အလုပ်လုပ်စေခြင်းတို့ဖြင့် တရားမဝင် သွားရောက်ခြင်းတို့သည် လူကုန်ကူးခံရနိုင်ဖွယ်ရှိသောကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ပြည်သူအားလုံးတွင် တာဝန်ရှိသောကြောင့် ပူးပေါင်းပါဝင် တိုက်ဖျက်ကြရန် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်သား၊ ကျောင်းသူများက လူကုန်ကူးမှုဆိုင်ရာ နံရံကပ်ပိုစတာနှင့် မူးယစ်အန္တရာယ် တို့ကာကွယ် ဗီနိုင်းများ၊ လျှပ်စစ် ဓာတ်အား ခြို့ခြံချွေတာ သုံးစွဲနိုင်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)