ချောင်းဆုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧကထက်(၁၃၇)ဧက ကျော်လွန်စွာစိုက်ပျိုးနိုင်ခဲ့

ချောင်းဆုံ စက်တင်ဘာ ၁၀

မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူဦးကြီးများ စားနပ်ရိက္ခာဖူလုံ၍ ဝင်ငွေတိုးပွား လာစေရန် အတွက် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းပြည်ပ စျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မျှော်မှန်း၍ မြို့နယ်စိုက် ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်သြဂုတ်လကုန်အထိ မြို့နယ် အတွင်း မိုးစပါးစိုက်ပျိုး နိုင်မှုမှာ (၆၅၂၄၂) ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၄၇) စုတွင် နှစ်စဉ် မိုးစပါးစိုက်ပျိုးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၂ ခုနှစ်အတွင်း မိုးစပါးဧက (၆၅၁၀၅)ဧက စိုက်ပျိုးနိုင်ရန် လျာထားပြီး ၊ လက်ရှိအချိန်အထိ  မိုးစပါးစိုက်ပျိုးပြီးစီးမှုမှာ (၆၅၂၄၂) ဧက စိုက်ပျိုးထားပြီးဖြစ်သည့်အတွက် ယခုနှစ်လျာထား ဧကထက်(၁၃၇) ဧကကိုပို၍ စိုက်ပျိုး နိုင်ခဲ့ကြောင်း အဆိုပါစိုက်ပျိုးထားသည့်စပါးမျိုးများမှာ ဘန်ကောက် (၁၃၉၃၇)ဧက၊ ကျွန်းရွှေဝါ(၇၇၀၂)ဧက၊ ရွှေတဆုတ်(၁၁၉၁၄) ဧက၊ပေါ်ဆန်းရင် (၂၀၀၀၉) ဧက၊မီးဒုံး(၁၁၂၆၆) ဧက၊နှင့်ကောက်ညှင်း(၄၁၄)ဧကစုစုပေါင်း(၆၅၂၄၂)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သူဇာ(ချောင်းဆုံ)