ရွှေဘိုမြို့၌ ပြည်သူများထံ လက်ဝယ်အ​ရောက် ဈေးနှုန်းသက်သာစွာဖြင့် အ​ခြေခံစား​သောက်ကုန်များ ရောင်းချ

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်​ ရွှေဘိုမြို့၌ ပြည်သူများလူမှုဘဝ စား​သောက်​ရေးတွင် အထောက်အကူဖြစ်​စေရန်နှင့် အ​​ခြေခံစား​သောက်ကုန်များကို​ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်​စေရန်ရည်ရွယ်၍ ပြည်သူများထံ လက်ဝယ်အ​ရောက်​ စျေးနှုန်းချိုသာစွာဖြင့် အ​ခြေခံစား​​​သောက်ကုန်များ​ ရောင်းချ​ပေးခြင်းကို ယမန်​နေ့ည​နေ ၃နာရီချိန်က အမှတ်(၁)ရပ်ကွက်ရှိ ဘူတာရုံတွင်​ ရောင်းချ​ပေးခဲ့​​ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် (၈)နာရီတွင် ပျဉ်းမနားမြို့ ယုဇနဈေးရှေ့လမ်းဆုံ၌ ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်သူများအား Mask Campaign ပြုလုပ်ခြင်းနှင့် Mask တပ်ဆင်သွားလာရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

​မုဒုံမြို့နယ် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခန့်က မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ပြုလုပ်သည်။

မင်းလှမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပညာရေးဌာနမှ ကြီးမှူး‌ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ် ဆွေးနွေးပွဲဖွင့်လှစ်ပို့ချခြင်းကို အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်း၌ စက်တင်ဘာ ၉ ရက်‌နေ့က ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဧက(၁၀၀)စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာရှိ ဧက(၁၀၀) စံပြကွက်သို့ ယမန်နေ့ ညနေ ၅ နာရီအချိန် ရောက်ရှိကာအောင် မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

စဉ့်ကူးမြို့နယ်၊ နေပူကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ် စနစ်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သော နေပူကုန်းကျေးရွာအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ်စနစ် သတ္တမအကြိမ်ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။

မင်းလှမြို့တွင် ကိုဗစ်-၁၉ ရောဂါအိုမီခရွှန်မျိုးရိုးဗီဇပြောင်းရောဂါပိုးကြိုတင်ကာကွယ်ရေး Mask Campaig ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တစ်ကျော့ပြန်လည်ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ ရောဂါအိုမီခရွှန်မျိုးရိုး ဗီဇပြောင်း ရောဂါပိုးကြိုတင် ကာကွယ်ရေးနိုင်‌ရန် အတွက်အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း များဖြန့်ဝေပေးခြင်း (Mask Campaign)ကို မြို့မဈေးကြီး‌ရှေ့၌ စက်တင်ဘာ ၉ ရက်ကဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် စာရာန်အိုင့်ကျေးရွာတွှင် လုံခြုံရေးနယ်မြေ တည်ငြိမ်းအေးချမ်းရေး တရားဥပဒေစိုးမိုးရေး ဒေသဖွံ့ဖြိုးရေးပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက်ကွင်း ဆင်းတွေ့ဆုံပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင်လုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး အတွက် ကွင်းဆင်းတွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က စာရာန်အိုင့်ကျေးရွာ ယာယီ နားနေဆောင် အဆောက်အဦးတွင် ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်အတွင်းရှိကျေးရွာဖွံဖြိုးရေး လုပ်ငန်းများအားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောအဖွဲ့ဖြင့်ကွင်း ဆင်းဆွေးနွေး ဆောင်ရွက်

မကွေးတိုင်းဒသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ရပ်ရွာအေးချမ်း သာယာရေး စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က ဆင်ကျုံးကျေးရွာ၊ ဝက်သိုက်ကျေးရွာ၊ ရုံပင်ကန်ကျေးရွာ များသို့ အဖွဲ့ များခွဲ၍ ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Subscribe to