မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ၏  (၇၀) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

မုံရွာ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း (Book Club) ၏ (၇၀) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်ဦးအေးနိုင်( အေးမင်းထက် -မုံရွာ) က အဖွင့်အမှာစကားပြောကြားပြီး နောက် ဦးဆောင်ဆွေးနွေးသူများဖြစ်ကြသော မုံရွာခရိုင် ပြန်ကားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးမြင့်နိုင်စိုးက ရွှေဘိုသွေး မဂ္ဂဇင်းအမှတ် ၃ ကဗျာနှင့် ဆောင်းပါးတို့ကိုလည်းကောင်း၊ စာရေးဆရာ အေးမင်းထက် မုံရွာ၊ ဆရာ ယဉ်မျိုးနုတင်တို့က ဝတ္ထု၊ ဆောင်းပါးတို့ကိုလည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက မိမိတို့ဖတ်ရှုထားသည့် ရွှေဘိုသွေးမဂ္ဂဇင်းမှ စာပေရေးရာအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး‌နောက် ဆရာအေးမင်းထက်က နိဂုံးချုပ်စကား ပြောကြားခဲ့‌ကြောင်း သိရှိရပါသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွား လာစေရန်အတွက်  စာရေးဆရာများ၊  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို အပတ်စဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)