ပန်း​တောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Book Club နှင့် စာဖတ်ဝိုင်းကျင်းပ

ပန်းတောင်း စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာပန်းတောင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက စာပေကို ချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင် ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် စာပေကို တန်ဖိုးထား မြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း  Book Club ဥက္ကဋ္ဌ  ဦးလှ​ကျော်က စာရေးဆရာချစ်နိုင် (စိတ်ပညာ)၊​ ရေးသားထားသော ပစ်တိုင်းထောင်စိတ်ဓာတ် စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေမြတ်နိုးသူများကလည်း ၎င်းတို့၏ အတွေးအမြင်များကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယခုလို စာ​ပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပန်းတောင်းမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ လစဉ်ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)