ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.ကတွင် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးနှင့် ကျောင်းကျန်းမာရေး အသိပညာပေးပြောပွဲပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးနှင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို၊ ယနေ့နံနက်(၉:၃၀)နာရီက အဆိုပါကျောင်းရှိ ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။