မင်းလှမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲပြုလုပ်

မင်းလှ စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပညာရေးဌာနမှ ကြီးမှူး‌ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ် ဆွေးနွေးပွဲဖွင့်လှစ်ပို့ချခြင်းကို အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်း၌ စက်တင်ဘာ ၉ ရက်‌နေ့က ဆောင်ရွက်ခဲ့သည်။

ဘာသာရပ်ဆွေးပွဲတွင် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကြီးကြပ်သူ၊ ဦးဆောင်ဆွေးနွေးသူ‌ ဆရာ ဆရာမများ စုစုပေါင်း (၃၀)တို့က ဦးဆောင်ဆွေးနွေးပြီး အခြေခံပညာ အထက်တန်းဆင့် ဆရာ၊ ဆရာမ (၇၄) ဦး၊ အထက်တန်းဆင့် ကိုယ်ပိုင်/ဘောဒါကျောင်းများမှ ဆရာ၊ ဆရာမ(၁၄) ဦး တတ်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြှင့်မားရေး ဆွေးနွေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်များကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ပြုလုပ်ခဲ့ကြောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာမိုးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ