ရွှေဘိုမြို့၌ ပြည်သူများထံ လက်ဝယ်အ​ရောက် ဈေးနှုန်းသက်သာစွာဖြင့် အ​ခြေခံစား​သောက်ကုန်များ ရောင်းချ

​ရွှေဘို စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်​ ရွှေဘိုမြို့၌ ပြည်သူများလူမှုဘဝ စား​သောက်​ရေးတွင် အထောက်အကူဖြစ်​စေရန်နှင့် အ​​ခြေခံစား​သောက်ကုန်များကို​ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်​စေရန်ရည်ရွယ်၍ ပြည်သူများထံ လက်ဝယ်အ​ရောက်​ စျေးနှုန်းချိုသာစွာဖြင့် အ​ခြေခံစား​​​သောက်ကုန်များ​ ရောင်းချ​ပေးခြင်းကို ယမန်​နေ့ည​နေ ၃နာရီချိန်က အမှတ်(၁)ရပ်ကွက်ရှိ ဘူတာရုံတွင်​ ရောင်းချ​ပေးခဲ့​​ကြောင်း သိရသည်။    

စစ်ကိုင်းတိုင်း​ဒေသကြီအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ​ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ​ရောင်းချ​ရေးအဖွဲ့ဝင်များ မြို့နယ်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ကြက်ဥ(၅)လုံး၊ ဆီတစ်ဆယ်သား၊ ကြက်သွန်နီ (၂၅)ကျပ်သား၊ အာလူး(၂၅)ကျပ်သားတို့ကို ကျပ်၃၅၀၀ဖြင့်၊ ရပ်ကွက်နေပြည်သူ (၄၀၀)ဦးတို့ကို ရောင်းချပေးခဲ့ကြောင်း ဆက်လက်၍ ရပ်ကွက်အလိုက်တစ်ပတ်လျှင် နှစ်ရက်​ရောင်းချ​ပေးသွားမည်ဖြစ်​ကြောင်း သိရှိရသည်။

ထိုသို့​ ရောင်းချရာတွင် ကိုဗစ်-၁၉​ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖြစ်​စေ​ရေး (Mask)များ အခမဲ့ဖြန့်​ဝေ​ပေးခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီး​ရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက ပြည်သူများဝယ်ယူ​နေသည်များကို အဆင်​ပြေ​စေရန် ကူညီ​ဆောင်ရွက်​​ပေးခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်