စလင်း စက်တင်ဘာ ၁၀
မကွေးတိုင်းဒသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ရပ်ရွာအေးချမ်း သာယာရေး စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က ဆင်ကျုံးကျေးရွာ၊ ဝက်သိုက်ကျေးရွာ၊ ရုံပင်ကန်ကျေးရွာ များသို့ အဖွဲ့ များခွဲ၍ ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ဆင်ကျုံးကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် ဆင်ကျုံးကျေးရွာ သက်တော် ရှည်ဘုရား အာရုံခံတန်ဆောင်းအတွင်း၌ လည်းကောင်း၊ ဝက်သိုက်ကျေးရွာနှင့် ရုံပင်ကန်ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် ယမန်နေ့ ညနေ ၃ နာရီအချိန်က တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားများပြောကြားရာတွင် ကျေးလက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
လုံခြုံရေးကိစ္စရပ်များကို မြို့နယ်ရဲတပ်ဖွဲ့မှူးမှ မိမိတို့ရပ်ရွာနှင့်ကျေးရွာရှိ ဒေသခံရွာသူရွာသားများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူဝန်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်နှင့်ပတ်သက်ပြီး ပြုလုပ်ရမည့်အချက်များနှင့် ပျက်စီးပျောက်ဆုံးလျင် မိမိတို့ဌာနသို့ လုပ်ဆောင်ကြရန် အိမ်ထောင်စုလူဦးရေ စာရင်းစာရွက် လုပ်ဆောင်ရမည့်အချက်များကို ပြည့်စုံစွာရှင်းလင်းပြောကြားခဲ့ပြီးနောက် လိုက်ပါလာကြသည့်စိုက်ပျိုးရေး၊ ကျေးလက်ဖွံဖြိုးတိုး တက်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်ဒေသခံ ပြည်သူတို့၏ သိလိုသည့်မေးမြန်းချက်များကို သက်ဆိုင်ရာဌာန အသီးသီးက ရှင်းလင်းပြောကြားခဲ့သည်။ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦး နေလင်းနိုင်မှ ဌာနဆိုင် ရာများ၏ လိုအပ်ချက်များ၊ ဒေသခံပြည်သူတို့၏ ဆွေးနွေးမေးမြန်းချက် လို အပ်ချက်များကို ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။
မောင်လွင်(စလင်း)