မင်းလှ စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တစ်ကျော့ပြန်လည်ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ ရောဂါအိုမီခရွှန်မျိုးရိုး ဗီဇပြောင်း ရောဂါပိုးကြိုတင် ကာကွယ်ရေးနိုင်ရန် အတွက်အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း များဖြန့်ဝေပေးခြင်း (Mask Campaign)ကို မြို့မဈေးကြီးရှေ့၌ စက်တင်ဘာ ၉ ရက်ကဆောင်ရွက်ခဲ့သည်။
Mask Campaign ဆောင်ရွက်မှုအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မြို့မဈေးကြီးရှေ့၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ၊ လမ်းသွားလာပြည်သူများကို ကိုဗစ်-၁၉ ရောဂါ အိုမီခရွှန်မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိမှုများနှင့်ပတ်သတ်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန်၊ လက်ကိုစင်ကြယ်စွာဆေးကြောရန်၊ နှာခေါင်းစည်းတပ်ဆင်ရန်တို့ကို အသိပညာပေးပြောကြားပြီး (Mask) နှာခေါင်းစည်းဝေငှ၍ တပ်ဆင်စေခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း တို့ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)