ကာမိုင်းမြို့၌ မြို့ကြက်ခြေနီအသင်းခွဲငယ်မှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပ

ကာမိုင်း စက်တင်ဘာ ၁၁


ကချင်ပြည်နယ်၊ ကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီခန့်က အ.ထ.ကကာ မိုင်းမြစိမ်းရောင်ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင်‌ မြို့ကြက်ခြေနီလူငယ်များမှ ဒို့ကြက်ခြေနီ‌တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က လမ်းညွှန်အမှာစကားပြောကြားကာ မြန်မာနိုင်ငံကြက်‌‌ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က ပေးပို့ခဲ့‌‌သော ကမ္ဘ့ာရှေးဦး ပြုစုခြင်းနေ့သဝဏ်လွှာကို ကာမိုင်းကြက်ခြေနီအသင်းခွဲငယ်မှ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဖွင့်ဖောက်ဖတ်ကြား၍ မြို့ကြက်ခြေနီလူငယ်များမှ လူနာသယ်ဆောင်သရုပ်ပြခြင်း၊ စွမ်းရည် ပြသခြင်း၊ လူမှုဂရုဏ ပညာရေးဆောင်ရွက်မှု စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိ‌သော ကျောင်းသား၊ ကျောင်းသူများနှင့်၂၀၂၁-၂၀၂၂၀ ပညာသင်နှစ် တက္ကသိုလ်၀င် စာမေးပွဲတွင်ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကြက်ခြေနီအဖွဲ့၀င်များအား အ.ထ.ကကာမိုင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ဆိုင်းခေါန်က ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး၊ မြို့ကြက်ခြေနီအသင်းခွဲငယ်မှ အဖွဲ့၀င်လူငယ်များက မြန်မာပြည်မြောက်ဖျားက တို့ကြက်ခြေနီတေးသီချင်းသီဆို၍ ကမ္ဘ့ာ‌ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)