မုဒုံ စက်တင်ဘာ ၁၁
မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန် နေ့နံနက် ၁၀နာရီခွဲ အချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/သူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် စာကြည့်တိုက်ရှိ စာအုပ်များကို လေ့လာဖတ်ရှုသင့်ကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဟော ပြောခြင်း၊ မွန်ပြည်နယ်အမှတ်(၉)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်ဒေါ်သီဝေစိုးက လူကုန်ကူး ခံရခြင်းနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရ မည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့်ဖြစ်ပေါ် လာသော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဉပဒေများကို အသိပညာပေးဟောပြောပြီးနောက် ကျောင်းသား/သူများမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး လူကုန်ကူးမှုအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် စာအုပ်ပြပွဲကို ဆက်လက်ပြုလုပ်ရာ တက်ရောက်လာသော ကျောင်းသား/သူများက စိတ်ပါ ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မုဒုံသူ