တွံ​တေးမြို့နယ်၌ အခြေခံစားသောက် ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် နေ့စဉ်ရောင်းချပေး

တွံတေး စက်တင်ဘာလ ၁၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျွန်းတော ကံသာယာရပ်ကွက်၊ ကံသာယာ(၁၀)လမ်းထိပ်၌ ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ယမန်နေ့ နံနက် ၁၀ နာရီက၊ ကံသာယာ(၁၀)လမ်းထိပ်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင်  ဆန် တစ်ပြည်လျှင် (၁၆၀၀) ကျပ်၊ စားဆီ တစ်ပိဿာလျှင်(၅၃၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၈၀ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၂၅ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ဆန်(၂၄) ပြည်ဝင် ဆန်အိတ်(၇) အိတ်၊ ဆီ (၅၀)ပိသာ၊ ကြက်ဥအလုံး (၁၅၀၀)  ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးခင်မောင်မြင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇာနည်မောင် မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမျိုးဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင်​ တာဝန်ရှိသူများက ကြီးကြပ်၍ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

တွံတေးသား