တွံတေးမြို့နယ်၌ ( Mask Campaign) ပြုလုပ်ဆောင်ရွက်

တွံတေး စက်တင်ဘာ ၁၀  

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွန့်မှုဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် BA-4 BS-5 ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  ခရီးသွားဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များ နေအိမ်ပြင်ပ ထွက်တိုင်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေးအသိပညာပေး (Mask Campaign) ကို  ပြည်သူများ ရောဂါကူးစက်မှုမခံရစေရေး စဉ်ဆက်မပြက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် နာရီအချိန်တွင် လူစည်ကားရာနေရာဖြစ်သော ဗိုလ်မှူးစိန်လွင်လမ်း၊ နာရီစင်အဝိုင်း  တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တွံတေးခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်() ဗိုလ်မှူးဇာနည်မောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမျိုးဦး မြို့နယ် ကိုဗစ်ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပရဟိတလူမှုရေးအသင်းတို့မှ အင်အား(၀)ဦးဖြင့် ဈေးဝယ်၊ ဈေးရောင်းသူများ၊ လမ်းသွား၊ လမ်းလာများ ခရီးသွားပြည်သူများအား စနစ်တကျ (Mask) တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ပြီး Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

တွံတေးသား