မိတ္ထီလာ စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ကို ယနေ့နံနက် ၈ နာရီအက ရန်ကုန်-မန္တလေးကားလမ်းမဘေး ခရိုင်ပြန်/ဆက်ရုံးအနီးတွင် ပြုလုပ်ကြောင်းသိရသည်။
အဆိုပါ Mask Campaign ကို ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သော အလေ့အကျင့်ကောင်းများ ဆက်လက်ကျင့်သုံးလိုက်နာစေရေးအတွက် ပြုလုပ်ခြင်းဖြစ်ပြီး လမ်းမပေါ်တွင် ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇင်ဝိုင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ