အလုံ စက်တင်ဘာလ ၁၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများအခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်နေ အခြေခံလက်လုပ်လက်စားပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀/-ကျပ်၊ စားဆီတစ်ပိသာလျှင် ၅၃၀၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့တွင် ဆန် ၂၄ ပြည်ဝင် ဆန်အိတ် ၅ အိတ်၊ ဆီ ၁၁၀ ပိသာ၊ ကြက်ဥအလုံး ၁၀၀၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးကြွယ်၊ အဖွဲ့ဝင်(၂)ဦးမောင်မောင်၊ မြိုနယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးအောင်ကျော်ကျော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)