၂၃)ကြိမ် ​မြောက်၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

အောင်မြေသာစံ စက်တင်ဘာ ၁၃

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၂၀×၂၂လမ်းကြားရှိ အမျိုးသားဇာတ်ရုံတွင် (၂၃) ကြိမ်မြောက်၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ (အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်)တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊၊ ဥပဒေချုပ် ဦးမြင့်အောင်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ယဥ်ကျေးမှုတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦး နှင့် တာဝန်ရှိသူများ၊ ပညာရှင်အကဲဖြတ်ဒိုင်လူကြီးများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ကြသည်။

အခမ်းအနားတွင် ဝန်ကြီး ချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးယဥ်ထွေး၊ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဂီတစာဆို ဆရာဦးဇော်မိုးကျော်(တွဲဖက်ပါမော က္ခ-ဂီတ)က ရေးစပ်သီကုံးသော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြု တေးသီချင်း ဖြစ်သည့်  “ပန်းပေါင်းစုံညီဥယျာဉ်ဆီ” သီချင်းကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ဂီတပညာဌာနနှင့် သဘင်ပညာဌာနတို့မှ အနုပညာရှင်များမှ သီဆို၍ သဘင်ပညာ ဌာနမှ ကျောင်းသူလေးများက ကပြဖျော်ဖြေခြင်းကိုလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဦးမင်းကျော်ဝေနှင့် ဒေါ်အေးမြတ်မြတ်မွန်တို့မှ ရုပ်သေး နှစ်ပါးသွားအကကို “သုံးဘဝကူး” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်းကိုလည်းကောင်း၊ ဂီတပညာဌာနမှ ကျောင်း သားများက ဒိုးပတ်လက်စွမ်းပြဖျော်ဖြေတင်ဆက်ခြင်းကိုလည်းကောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အကဲဖြတ်ပညာရှင်များက  “ဂီတရေစီးကြောင်း” တေးသီချင်းဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေတင်ဆက်ခြင်းကိုလည်းကောင်း အသီးသီးဧည့်ခံ ဖျော်ဖြေ ခဲ့ကြပြီး၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ပြိုင်ပွဲအား မွန်တိုင်းရင်းသားအက၊ ကျေးလက် ရိုးရာအက ၊ကဗျာလွတ်အား အခြေခံပညာ၊ အသက် ၁၀နှစ်မှ ၁၅နှစ်အတွင်း အမျိုးသမီးများပြိုင်ပွဲအား အမျိုးသားဇာတ်ရုံတွင်လည်းကောင်း၊ အကပြိုင်ပွဲအား ၁၀ နှစ်မှ ၁၅နှစ်အတွင်း အမျိုးသားနှင့် ဝါသနာရှင် ဒုတိယတန်း (အမျိုးသမီး) ပြိုင်ပွဲအား ဇာတ်ရုံငယ်တွင် လည်းကောင်း၊ စန္ဒရားပြိုင်ပွဲအား အခြေခံပညာ ၁၀နှစ်မှ ၁၅နှစ် အတွင်း (အမျိုးသမီး) အခြေခံ ပညာ ၁ ၅နှစ်မှ ၂၀နှစ်အတွင်း(အမျိုး သမီး)အခြေခံပညာ ၁၅နှစ်မှ ၂၀ နှစ်အတွင်း(အမျိုးသား)အဆင့်မြှင့်ပညာအဆင့် (အမျိုးသား)(အမျို သမီး)ဝါသနာရှင် ဒုတိယ တန်း(အမျိုးသား)ပြိုင်ပွဲတို့အား စန္ဒရားသင်တန်းဆောင်တွင်လည်းကောင်း၊ အရေးပြိုင်ပွဲအား အခြေခံပညာ ၁၅နှစ်မှ ၂၀နှစ်အတွင်း(အမျိုးသား)အဆင့်မြှင့်ပညာအဆင့် (အမျိုးသား) ဝါသနာရှင်(ဒုတိယတန်း) အမျိုးသမီး၊ အမျိုးသားဝါသနာရှင် (ပထမတန်း)၊အမျိုးသားပြိုင်ပွဲအား စောင်း သင်တန်းဆောင်တွင် လည်းကောင်း၊ ခေတ်ဟောင်းကာလပေါ် ဘာသာရပ်ပြိုင်ပွဲအား အခြေခံ ပညာ အသက် ၁၀နှစ်မှ ၁၅နှစ်အတွင်း(အမျိုးသမီး)(အမျိုးသား)၊ အခြေခံပညာ အသက် ၁၅နှစ်မှ ၂၀နှစ်အတွင်းအမျိုးသားပြိုင်ပွဲတို့အား အမျိုးသမီးသင်တန်း အကဆောင်တွင် လည်းကောင်း၊ မဟာဂီတပြိုင်ပွဲအား အခြေခံပညာ အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း(အမျိုးသမီး)၊ (အမျိုးသား) အခြေခံပညာ အသက် ၁၅ နှစ်မှ၂၀ နှစ်အတွင်း(အမျိုးသမီး)(အမျိုးသား)ဝါသနာရှင် (ဒုတိဘယ တန်း)၊(အမျိုးသမီး)၊(အ မျိုးသား) ဝါသနာရှင်(ပထမတန်း) အမျိုး သမီးပြိုင်ပွဲအား သ‌င်္ကေတ သင်တန်းဆောင်တွင်လည်းကောင်း၊ ဆိုင်းတစ်ဦးချင်းပြိုင်ပွဲအား အခြေခံပညာ အသက် ၁၀ နှစ် မှ ၁၅ နှစ်အတွင်း (အမျိုးသမီး၊ (အမျိုးသား) အဆင့်မြှင့်ပညာ(အမျိုးသမီး) ၊(အမျိုးသား) အခြေခံ ပညာ အသက် ၁၅ နှစ် မှ ၂၀ နှစ်အတွင်း (အမျိုးသမီး)(အမျိုးသား) ဝါသနာရှင်(ဒုတိယတန်း)၊ (အမျိုး သား)ဝါသနာရှင်(ပထမတန်း)အမျိုးသား ပြိုင်ပွဲအား ဆို င်းသင်တန်းဆောင်တွင် လည်း ကောင်း၊ အိုးစည်ပြိုင်ပွဲအား ဝါသနာရှင်(ဒုတိယတန်း)၊(အမျိုးသား) ဝါသနာရှင်(ပထမတန်း) ၊(အမျိုးသား)အဆင့်မြှင့် ပညာအဆင့်(အမျိုးသား)ပြိုင်ပွဲအား အမျိုးသားသင်တန်း အကဆောင် တွင် လည်းကောင်း၊ တယော၊ ဂီတာ၊ မယ်ဒလင်၊ ဒုံမင်းပြိုင်ပွဲအား အဆင့်မြှင့် ပညာအဆင့် (အမျိုးသား)၊ (အမျိုးသမီး) ဝါသနာရှင်(ဒုတိယတန်း) (အမျိုးသား)နှင့် စောင်းပြိုက်ပွဲတွင် အခြေခံပညာ အသက် ၁၀ နှစ် မှ ၁၅ နှစ်အတွင်း (အမျိုးသမီး)အဆင့်မြှင့်ပညာ အဆင့် (အမျိုး သမီး)ဝါသနာရှင်(ပထမတန်း) အမျိုးသား ပြိုင်ပွဲတို့အား အဆိုသင်တန်းဆောင်တွင်လည်းကောင်း အသီးသီးကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအား ၁၂.၉.၂၀ ၂၂ရက်နေ့မှ ၁၅.၉.၂၀၂၂ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ-ပြန်/ဆက်)