အောင်မြေသာစံ စက်တင်ဘာ ၁၃
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ ၁၉လမ်း၊ ၈၃×၈၆လမ်းကြားရှိ ညောင်ပင်စျေးအရှေ့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က ညောင်ပင်စျေး အရှေ့၌ ဖြတ်သန်းသွားလာနေသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများပေါ့ဆနေခြင်း မရှိစေဘဲနေအိပ် ပြင်ပသို့ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်အသုံး ပြုနိုင်ရေး၊ လက်ကိုမကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်ထိုးနှံခြင်း၊ ထပ်ဆောင်းထိုးနှံခြင်းနှင့် ဗီဇပြောင်း ကိုဗစ်ရောဂါပိုးများ၏ အန္တရာယ်မှကာကွယ်ရန်၊ ပြည်သူများကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန် စသည်တို့ကို အသိပညာပေးခဲ့ကြပြီး နှာခေါင်းစည်း(Mask) ၁၀၀၀ ခုအား(အခမဲ့)ဝေငှတပ်ဆင်ဖြန့်ဝေပေးကြသည်။
အလားတူ အမရဌာနီအနောက်ရပ်ကွက်၊ လမ်း ၈၀၊ ၉×၁၀လမ်းကြားရှိ အမှတ် (၄)နယ်မြေရဲစခန်း အရှေ့တွင်လည်း နာခေါင်းစည်း (Mask) ၅၀၀ အား(အခမဲ့)ဝေငှပေးခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ-ပြန်/ဆက်)