ကျောက်တံခါး စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နေ့လယ် က ဗိုလ်ချုပ်လမ်း လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းတို့သည် Mask နှာခေါင်းစည်း (၆၀၀)ခုကို ပြည်သူများအား အခမဲ့ဝေငှခြင်းနှင့် နေအိမ်ပြင်ပသို့ထွက်ရှိပါက နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)