သဲကုန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

သဲကုန်း  စက်တင်ဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန   (Community Centre) ခန်းမ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် သဲကုန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေး က ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့တွင် ကျရောက်သော လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက် တစ်ရက်ဖြစ်သည့် "လူကုန်ကူးမှုဆိုင်ရာအသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်အတွက် ယခုလို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး လူကုန်ကူးမှုနှင့်လူမှောင်ခို အဓိပ္ပါယ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ သတိပြုရမည့်သူများ၊ လူကုန်ကူးခံရပါက ခံစားရမည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှုကျွူးလွန်ပါက ချမှတ်ခံရမည့်ပြစ်ဒဏ်များ အကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ပြသရာ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)