သံတောင်ကြီး စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) တို့ပူးပေါင်း၍ ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုအန္တရာယ်သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးအသိပညာပေး Talk Show ကိုယမန်နေ့နေ့လယ် (၂) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး နော်နီလာအေးက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရခြင်းရည် ရွယ်ချက်များ၊ လူကုန်ကူးခြင်းဆိုတာဘာလဲ၊ လူကုန်ကူးသူကဘာလုပ်သလဲ၊ လူကုန်ကူးသူက ဘယ် လိုလုပ်ဆောင်လဲ စသည့်အကြောင်းအရာများဆွေးနွေးပြီး နော်ဂျူးရာ (Women Club) အဖွဲ့ဝင်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပေါ်ပေါက်လာပုံ၊ လူကုန်ကူးသူများကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးခြင်းခံရသူ၏ စိတ်ပိုင်းဆိုင်ရာကြုံတွေ့နေမှုများ၊ လူကုန်ကူးမှုအမျိုးအစားများစသည့် အကြောင်း အရာများအားအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
စောမင်းသား