သရက်ချောင်းမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းရွက်ပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

သရက်ချောင်း စက်တင်ဘာ   ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းရွက်ပင်စိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တစ်ဖက်တလမ်းမှ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

အဆိုပါ "ကွမ်းရွက်ပင်အစ စိုက်ပျိုးချိန်ဆို အပင်ငယ်စဉ်တွင် အပင်ကြီးထွားမှုအတွက် တိုင်များစိုက်၍ စနစ်တကျစိုက်ပျိုးရခြင်း၊ လေဒဏ်၊ နေဒဏ်ခံနိုင်ရန် အကာအကွယ်များ၊ ရေကောင်းစွာရရှိသော နေရာများမှာ စိုက်ပျိုးရပြီး အထွက်နှုန်းကောင်းအောင် သဘာဝ မြေဩဇာများ စနစ်တကျထည့်ပေးရခြင်း၊ ကွမ်းရွက်‌စိုက်ဘောင်များ၏ ဘေးတစ်ဖက်တစ်ချက် တွင်လည်း အခြားသီးညှပ်သီးပင်များကိုလည်း စိုက်ပျိုးကာ မိသားစုအပိုဝင်ငွေများ ရရှိကြောင်း ကွမ်းရွက်ပင်စိုက်ပျိုးသူ တောင်သူများထံမှသိရသည်။

သရက်ချောင်းမြို့နယ်တွင် ကွမ်ရွက်ပင်အရွယ်အစားအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာစျေးနှုန်းများလည်း အမျိုးမျိုးမတူညီကြောင်းသိရပြီး  ကွမ်းရွက်ပေါက်ဈေးနှုန်းမှာ ကွမ်းရွက်ငယ်အရွက်တစ်ရာပါတစ်စည်းကို ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ ကျပ်အထိ ဈေးရရှိပြီး ကွမ်းရွက်ကြီး အရွက်တစ်ရာပါတစ်စည်းကို ငွေကျပ် ၁၅၀၀ မှ ၁၈၀၀ ကျပ်အထိ ရရှိပြီး သရက်ချောင်းမြို့ပေါ် ဈေးများနှင့် မြို့ပေါ်ကုန်စုံဆိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

သားကြီး (သရက်ချောင်း)