ပေါက်ခေါင်းမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌  YouTube Maker အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်

ပေါက်ခေါင်း   စက်တင်ဘာ    ၁၃

ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက YouTube Maker ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ဌာနဆိုင်ရာဝန်ထမ်းများနည်းပညာချိတ်ဆက်ဆောင်ရွက်မှုများကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်ရည်ရွယ်၍ ယခု YouTube Maker အသုံးပြုပုံ ဆင့်ပွားသင်တန်းအား ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စာရင်းစစ်ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်ရပ်ကွက်အတွင်းမှ စိတ်ပါဝင်စားသည့်ပြည်သူများစုစုပေါင်း(၁၅)ဦးတက်ရောက်ပြီး သင်တန်းတွင် YouTube ကို စတင်မိတ်ဆက်ခြင်း၊ ကိုယ်ပိုင် Gmail Account ဖြင့် ကိုယ်ပိုင် YouTube Channel ဖွင့်လှစ်နည်း၊ ကိုယ်ပိုင် YouTube Channel တွင် ဗီဒီယိုဖိုင်များ Upload တင်နည်းအဆင့်ဆင့်များကို ပေါက်ခေါင်းမြို့နယ်ရုံးဝန်ထမ်းနှစ်ဦးက သင်တန်းကာလ နှစ်ရက်ကြာ ထပ်ဆင့်မျှဝေဆွေးနွေး‌ပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)