နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်များဆက်လက် ရောင်းချပေး

ဇမ္ဗူသီရိ စက်တင်ဘာ ၁၃

နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ  ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆန်တစ်ပြည်ငွေ (၁၀၀၀)ကျပ်နှုန်း ဖြင့် ယနေ့နံနက်ပိုင်းတွင်  ဆန်များစျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးပြီး တဲကြီးကုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာအတွင်းရှိ  အိမ်ထောင်စု (၂၃၀) စုတို့အား အခြေခံစားကုန်ဆန်များအား တစ်ပြည်လျှင်ငွေ(၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)