တောင်သာမြို့ မြို့မစည်ပင်သာယာဈေး၌ Mask Campaign ပြုလုပ်

တောင်သာ စက်တင်ဘာ ၁၃

တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အထကောင်းများ ရရှိစေရန်အတွက် ယနေ့နံနက်()နာရီက မြို့မစည်ပင်သာယာဈေးအနီးပတ်ဝန်းကျင်နှင့် မြို့မဈေးအတွင်း၌ Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာပြည်သူများ၊ ဈေးရောင်းဈေးဝယ်များအား ကျန်းမာရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသော   ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ နေထိုင်လုပ်ကိုင်စေရေး၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်စေရေး အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ နှင့် ကြက်ခြေနီအဖွဲ့ဝင်များပူးပေါင်း၍ Mask အခုရေ (၁၀၀၀) ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)