ပိုင်ကျုံ စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် (MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ထောက်ပံ့ငွေလက်ခံရရှိသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ် ( ဧပြီ၊ မေ၊ ဇွန် ) လများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင်ငွေကျပ် (၁၅,၀၀၀) နှုန်းဖြင့် သုံးလစာငွေကျပ် (၄၅,၀၀၀) ကို ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစရက် ပေါင်း (၁၀၀) ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်နှင့်ကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကစိုကျေးရွာအုပ်စုအတွင်းရှိ (Maternal and Child Cash Transfer-MCCT) အကျိုးခံစား ခွင့်ရရှိသော ကိုယ်ဝန်ဆောင်မိခင် (၂၂) ဦးနှင့် အသက် (၂) နှစ်အောက် ကလေးငယ် (၁၄၃) ဦး စုစုပေါင်း (၁၆၅) ဦးတို့အတွက် ထောက်ပံ့ငွေ (၇,၁၈၅,၀၀၀) ကျပ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)