ချောင်းသာ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျမောင်းနှင်နိုင်စေရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့အဝင် ချောင်းသာ-ရွှေသောင်ယံလမ်းခွဲ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အဆင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်း ကျဆင်းပပျောက် စေရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပတ်ပတ်ပြီး မောင်းနှင်ရန်၊ လမ်းမကြီးပေါ်တွင် ယာဉ်များအချိန် ကြာမြင့်စွာ ရပ်နားထားခြင်းများမပြုလုပ်ရန်၊ မော်တော် ဆိုင်ကယ်မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံး ယောက်တင်၍ မစီးရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန်စသည့် လိုက်နာရမည့် စည်းကမ်း အချက်များ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး ထို့နောက် မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် အသုံးပြုသွားလာကြသည့် ခရီးသွားများအား ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများ သယ်ဆောင် ခြင်းမပြုရန် အသိပေး၊ သတိပေးခြင်းများ ဆောင်ရွက်ခြင်းနှင့် သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)