နွားထိုးကြီး စက်တင်ဘာ ၁၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ မြို့မအထက်တန်းကျောင်းနှင့် အ.ထ.က နွားထိုးကြီးတို့တွင် ယနေ့နံနက် ၉ နာရီက နှာခေါင်းစည်းတပ်ဆင်သွားလာစေရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် နေအိမ်အပြင်ပသို့ထွက်ရာတွင် နှာခေါင်းစည်း Mask ကို မဖြစ်မနေတပ်ဆင်ကြရန်၊ ကိုဗစ် - ၁၉ ရောဂါ ညွှန်ကြားချက်များနှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်သွားကြရန်စသည့် ရည်ရွယ်ချက်ဖြင့် Mask Campaign ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးရေးရာ အဖွဲ့တို့ ပူပေါင်းဆောင်ရွက်ခဲ့ကြပြီး Mask အခုရေ (၁၅၀၀) ဝေငှခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်