ရေနံချောင်းမြို့၌ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign လှုပ်ရှား ဆောင်ရွက်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ် BA-4 နှင့် BA-5 ရောဂါပိုးများကူးစက်ပြန့်ပွားမှု မရှိစေရေး Mask Campaign အသိပညာပေးလှုပ်ရှားဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီက ရေနံချောင်းတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။