ပုသိမ် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ရွှေမုဌောဘုရား အရှေ့ဘက်မုခ်ရှိ ဝိသာခါဓမ္မာရုံရှေ့တွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ နှာခေါင်းစည်း ဖြန့်ဝေပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးစိုးပိုင်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း နေအိမ်ပြင်ပသို့ သွားလာ ရာတွင် နှာခေါင်းစည်း mask များ တပ်ဆင်သွားလာကြရန်အတွက် mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ယခုအခါ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုများ ဖြစ်ပေါ်လျက်ရှိရာ မပေါ့ဆကြပဲ လူစည်ကားရာ နေရာသို့သွားလျှင် နှာခေါင်းစည်း mask ကို တပ်ဆင်ကြစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား မပျက်မကွက်ထိုးနှံကြရန်လည်း အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်ဟန်