ဟင်္သာတခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပ

ဟင်္သာတ စက်တင်ဘာ ၁၄

ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေး  Talk Show ဆွေးနွေးပွဲကို  ယမန်နေ့  နံနက် ၁၀ နာရီက   ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် “ကမ္ဘာမြေကို ထိန်းသိမ်းဖို့ သစ်ပင်စိုက်ကြပါစို့ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။                

ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရ ခြင်းနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားပြီး ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပတ်သက်၍ မိတ်ဆက်ဆွေးနွေးကာ မိမိတို့ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များကိုလည်းကောင်း သစ်တောသစ်ပင် များ ထိန်းသိမ်းကာကွယ် ရန်အတွက် သစ်ပင်စိုက်ရန် အရေးကြီးကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ကို များစွာအထောက်အကူဖြစ်စေကြောင်း၊ လူတစ်ဦးအသက်ရှင်နေထိုင်ရန်အတွက် သစ်ပင် စိုက်ပျိုးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပတ်ဝန်းကျင် ပျက်စီးရခြင်း အကြောင်းအချက် ၈ ချက်ကို လည်းကောင်း လူတို့နေ့စဉ်လိုက်နာရမည့် ကိစ္စများစသည့် အကြောင်းအရာများအား အသိပညာပေး  ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာပေ ဆွေးနွေးပွဲများ၊ အသိပညာပေး Talk Show ပွဲများ ကိုလည်းစဉ်ဆက်မပြတ် ပြည်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ