ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်း အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့နံနက်(၉)နာရီက ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

ကလိန်အောင်မြို့ အခြေခံပညာအထက်တန်း‌ကျောင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာစောင်များ   ခင်းကျင်းပြသခြင်းဆောင်ရွက်

တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ   အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

(၂၃)ကြိမ်မြောက် ရခိုင်ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယနေ့ကို ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊​ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ဝင်ပညာရှင်များ၊ ပြိုင်ပွဲဝင်များ၊ အနုပညာဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ လာရောက်ကြည့်ရှုအားပေးကြသည်။

စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုများနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် လူစည်ကားရာနေရာဖြစ်သည့် မြို့မစျေးကြီးအတွင်းနှင့် စျေးလမ်းဆုံ မြို့အဝင်အထွက်ဖြစ်သည့် ဝက်သည်းကန်လမ်းဆုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask) များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က ဖြန့်ဝေခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

သပိတ်ကျင်းမြို့၌ ပြည်သူများလိုအပ်ချက်ဖြစ်သည့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အထောက် အကူဖြစ်စေရန်နှင့် စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန် ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊သပိတ်ကျင်းတပ်နယ်မှ ယမန်နေ့နံနက် (၇)နာရီမှ( ၁၁)နာရီအထိ အခြေခံစားသောက်ကုန်များများကို သပိတ်ကျင်းမြို့ ကမ္ဘာအေးကွက်သစ်၊ မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့သည်။

စစ်ကိုင်းမြို့တွင် စပါး၊ နေကြာ၊ ဝါ၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး ဝန်ထမ်း/ တောင်သူ နည်းပညာပေးသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးစီးဌာနမှ ကြီးမှူး၍ စပါး၊ နေကြာ၊ ဝါ၊ တစ်ဧက အထွက်နှုန်း တိုးတက်ရေး ဝန်ထမ်း/ တောင်သူ နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်၌ ပဲခူးမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပဲခူး-ကဝ မြစ်ကူးတံတားတွင် ကျင်းပခဲ့သည်။

မုံရွာမြို့နှင့်ဘုတလင်မြို့တို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ  လှည့်လည်ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်မှု၊ မုံရွာခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးကော်မတီမှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက်  တန်ဖိုးသင့် စားသောက်ကုန်များကို  အရောင်းဆိုင်ရွေ့လျားယာဉ်ဖြင့် 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရား အရှေ့ဘက်အဝင်မုခ် တောင်ဘက်ခြမ်းစိုင်ပေါင်မှ အုတ်ချပ်များကွာကျမှုဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရား အရှေ့ ဘက်မုခ်အဝင် တောင်ဘက်ခြမ်း စိုင်ပေါင်မှ အုတ်ချပ်ကွာကျမှု စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က အုတ်ချပ်များကွာကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to