ရေနံချောင်း စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ် BA-4 နှင့် BA-5 ရောဂါပိုးများကူးစက်ပြန့်ပွားမှု မရှိစေရေး Mask Campaign အသိပညာပေးလှုပ်ရှားဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီက ရေနံချောင်းတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ရေနံချောင်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံရေး၊ နှာခေါင်းစည်းတပ်ဆင်သွားလာရေး၊ မကြာခဏလက်ဆေးခြင်း ပြုလုပ်ကြရန် အသိပညာပေးကာ နှာခေါင်းစည်း(Mask) ၃၀၀၀ ခုကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)