အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌  လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးနွေးနွေးပွဲ Talk Show ဆောင်ရွက်

အလုံ    စက်တင်ဘာ   

၂၀၂၂ ခုနှစ်စက်တင်ဘာလ  ၁၃ ရက်နေ့တွင် ကျရောက်သည့်  မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ ၁ နာရီက အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)၌ ပြုလုပ်ကြောင်း သိရသည်။

Talk Show တွင် အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမအေး(ရန်ကုန်တက္ကသိုလ်)က မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်‌ရေးနေ့ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပါယ်၊ လက်ရှိလူကုန်ကူးခံရမှုအခြေအနေများအကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ၊ လူကုန်ကူးခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအကြောင်းတို့ကို အသိပညာရရှိဖွယ် ဆွေးနွေးပြောကြား ခဲ့သည်။

အဆိုပါ Talk Show ကို အလုံမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page Online မှတစ်ဆင့် အသိပညာပေး ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)