လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌  လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနွေးနွေးပွဲ  Talk Show  ဆောင်ရွက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့်  မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက လမ်းမတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre )၌ ပြုလုပ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ဝါး​ဖောင်တိမ်း​မှောက်မှု​ကြောင့် ​ရေနစ်​သေဆုံးခဲ့ပြီး ကျန်ရှိသည့် မိသားစုဝင်အားထောက်ပံ့​ငွေများ​ပေးအပ်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် မြို့နယ်တွင်  ဝါး​ဖောင်တိမ်း​မှောက်မှု​ကြောင့် ​သေဆုံးခဲ့ပြီး ကျန်ရှိသည့် မိသားစုဝင်အား ​မြို့နယ်​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့​​ငွေပေးအပ်ခြင်းကို စက်တင်ဘာလ ယမန်နေ့ နံနက်ပိုင်းက

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် ဌာနဆိုင်ရာများနှင့် ကျောင်းများ၊ ကျေးရွာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင် ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့ အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး၊ ကုမုဒြာ စာကြည့်တိုက်နှင့် အ.မ.က(ကြာဖူးငုံ)သို့ သုတရသစာအုပ် စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့​ရှေးဦးပြုစုခြင်း​နေ့အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

“ရှေးဦးပြုစုအတတ်ပညာ ဘဝသက်တာသင်ယူပါ”ဟူသည့်​ ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံကြက်​ခြေနီအသင်း၊ ရန်ကုန်တိုင်း​ဒေသကြီးကြက်​ခြေနီကြီးကြပ်မှု​ကော်မတီ၏ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့​ရှေးဦးပြုစုခြင်း​နေ့အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယ​မန်နေ့နံနက် ၉:၃၀ နာရီအချိန်က တာ​မွေမြို့နယ်၊ အ​ရှေ့မြင်းပြိုင်ကွင်းလမ်း၊ Sky Star Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် မြို့မစျေး၌ Mask Campaign ပြုလုပ်

ရန်ကုန်ုတိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထွန်း၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်စည်း Mask စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အထကောင်းများ ရရှိစေရန်အတွက် ယမန်နေ့နံနက် က မြို့မဈေးအနီးပတ်ဝန်းကျင်နှင့် မြို့မဈေးအတွင်း၌ Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ(၅၄)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊

တွံတေးမြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံပြပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၁၀ နာရီ က ရွှေဆံတော်ရပ်ကွက် အ.မ.က (မူလွန်)ကျုံးကြီးတွင် လည်းကောင်း၊ မွန်းတည် ၁၂ နာရီ က စျေးသစ်ရပ်ကွက်၊ အ.မ.က(မူလွန်) စျေးသစ်ကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် မြို့မဈေးရှိ ဈေးရောင်း၊ ဈေးဝယ်များအား Mask Campaign ပြုလုပ်

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် Mask  Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၇) နာရီက တံတားဦးမြို့မဈေး အတွင်း၊ အပြင်တွင် ကျင်းပကြောင်း သိရသည်။

ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး (Talk Show) ပူးပေါင်းဆောင်ရွက်

ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်သူလူထုအသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ နေ့လယ် ၁ နာရီက ရိုက်ကူး ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
Subscribe to