ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်းလုပ်ငန်းများ ကဏ္ဍအလိုက် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်းလုပ်ငန်းများကို ကဏ္ဍအလိုက် ထိရောက်မြန်ဆန်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများ အနေဖြင့် လုပ်ငန်းတာဝန်များကို ချိတ်ဆက်ပူးပေါင်း ကြိုးစားထမ်းဆောင်ကြရေး ယမန်နေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည့် စိုက်ပျိုး မွေးမြူရေး ဆောင်ရွက်သော ပြည်နယ်/ခရိုင်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။

မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက် စက်တန်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး၊ ကျန်ရှိနေသေးသည့်လမ်းများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အောင်ဆန်းရပ်ကွက် စက်တန်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ 

မြောင်းမြမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းစင်စေရန်အတွက် ကားဆိုင်ကယ်များ စည်းကမ်းနှင့် အညီ မောင်းနှင်ရန် စစ်ဆေးအသိပညာပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက် မြို့အဝင်ဂိတ်များ၊ လမ်းမကြီးများတို့တွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခတပ်မတော်၊ ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က (၇) လမ်းမကြီး၊ ခရိုင်တရားရုံးရှေ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ အခမဲ့ ငှါးရမ်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့် မလာရောက်နိုင်သည့်  ဝန်ထမ်းများ စာပေများအလွယ်တကူလေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၁)နာရီအချိန်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန္နီမြို့နယ် ကောင်းလောက်စောက်ကျေးရွာနေ ပြည်သူများ ရေလုံလောက်မှုရှိစေရေး စက်ရေတွင်းတူးဖော်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကောင်းလောက်စောက်ကျေးရွာနေ ပြည်သူများ ရေသုံးစွဲရာတွင် လုံလောက်မှုရှိစေရေးအတွက် ရပ်ရွာအကျိုးပြုလုပ်ငန်းအနေဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ရေတွင်းတူးဖော်ပေးခြင်းလုပ်ငန်း

ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  စာရေးဆရာမ ဩမေမြတ်ဟေကို ဘာသာပြန်ထားသည့် ကြယ်စင်များဆီသို့နှင့်

မြောင်းမြမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက် ၅ နှစ်မှ ၉ နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြောင်းမြမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းများသို့ သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စက်တင်ဘာ ၁၃ ရက်၊ နေ့လယ် ၁ နာရီချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတို့ကို လူမှုရေးပင်စင် ငွေနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၈၅၉)ဦးတို့ထဲမှဘိုးဘွား(၇)ဦးတို့အား လူမှုရေးပင်စင်ငွေ နှင့်ကြက်ဥများကို မြိုနယ်လူမှု၀န်ထမ်းဦးစီးဌာန၊ အမျိုး‌ရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း တို့က ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က သက်ကြီးဘိုးဘွားများ လက်၀ယ်သို့ပေးအပ်ထောက်ပံ့ကြသည်။
Subscribe to